စေတုတ္တရာ ၇ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၀၂)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ကျပ် ၆၀၆၀၀၀၀ နှင့် မသန်စွမ်းသူ (၈၈)ဦးအတွက် ထောက်ပံ့ငွေကျပ် ၂၆၄၀၀၀၀ တို့အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


