မင်းတပ် ၇ စက်တင်ဘာ

           

မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း သက်သာချောင်ချိရေးအတွက် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးမောင်ထူးက အရာထမ်းနှင့် အမှုထမ်း ဝန်ထမ်းများအား ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်သည့်အတွက် ကျန်းမာရေး အထူးဂရုစိုက်ကြရန်၊ အပြင်ထွက်သည့်အချိန်တွင်လည်း နှာခေါင်းစည်းများသေချာစွာ စနစ်တကျ တပ်ဆင်ကြရန်နှင့် အလုပ်ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ကြိုးစားလုပ်ကိုင်ကြရန်၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝန်ထမ်းတစ်ဦးလျှင် ဆန်ခြောက်ပြည်၊ ဆီတစ်ပိဿာနှင့် ကြက်ဉခြောက်လုံး ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းတို့က အရာထမ်းနှင့် အမှုထမ်းဝန်ထမ်း ၅၅ ဦးအား ဆန်ခြောက်ပြည်နှင့် ဆီတစ်ပိဿာတို့ကို တစ်ဦးချင်းပေးအပ်ကြကြောင်း သိရသည်။

 

ခွီရှိန်းမောင်း (ခရိုင် ပြန်/ဆက်)