ရန်ကုန် ၇ စက်တင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ပရဟိတအဖွဲ့များနှင့် စေတနာရှင်၊ အလှူရှင်များ စုပေါင်းကာ လူနေများပြားသော ဈေးများ လမ်းများတွင် မဖြစ်မနေသွားလာနေကြသည့် ပြည်သူများကို နှာခေါင်းစည်း ၇၀ဝ၀ အား နှာခေါင်းစည်း မပါလာသူများ ကိုယ်တိုင်တပ်ဆင်ပေးခြင်း၊ ကျန်းမာရေးမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်းများ လှူဒါန်းရာတွင် အင်းစိန် တညင်းကုန်းဈေး၊ စော်ဘွားကြီးကုန်း ဆယ်မိုင်ကုန်း၊ မင်္ဂလာဒုံဈေး၊ ဝါယာလက်ဈေး၊ မင်္ဂလာဒုံ-ဂျိုးဖြူ လမ်းမကြီးနှင့် ပေါက်ကုန်းရပ်ကွက် အလင်းစာကြည့်တိုက်ရှေ့ လမ်းမကြီးတို့တွင် ရေကြည်တစ်ပေါက် နာရေးကူညီမှုအသင်း(အင်းစိန်)၊ မေတ္တာသင်္ဂဟ နာရေးကူညီမှုအသင်း၊ တက်နေထွန်းရှေ့ရေးကူညီမှုအသင်း၊ ရေကြည်တစ်ပေါက် နာရေးကူညီမှုအသင်း(မင်္ဂလာဒုံ)၊ ပေါက်ကုန်းရပ်ကွက် ပရဟိတအဖွဲ့များ စုပေါင်းထားသော ပေါင်းစုခြင်းရဲ့ တွဲလက်များအသင်းနှင့် အလှူရှင်များက အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)


