လဲချား ၇ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက သီရိဟံသာခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းတင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်တို့မှ အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်ကြေညာခြင်း စသည့် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ညနေ ၄ နာရီခွဲထိ သင်တန်းဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)


