တနိုင်း ၇ စက်တင်ဘာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ စက်တင်ဘာ ၂ ရက်မှ ၃၀ ရက်အထိ တနိုင်းမြို့ပေါ်ရပ်ကွက် (၇)ရက်ကွက်၊ ကျေးရွာအုပ်စု (၆)အုပ်စု၊ ရှင်ဗွေယန်မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စုအား သစ္စာစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား တနိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦစီးမှူး ဦးဘုန်းကျော်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးနေမှုအား ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ် ရပ်ကွက်(၇)အုပ်စုနှင့် ကျေးရွာ(၆)အုပ်စု၊ ရှင်ဗွေယန်မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၁၇)ကတ် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လ.ဝ.က ဦးစီးမှူး ဦးဘုန်းကျော်ထံမှ သိရသည်။
ဝါဝါ(ပြန်/ဆက်)


