ချောင်းသာ ၇ စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေတွင် ယနေ့‌ မွန်းတည့် ၁၂ နာရီက (Dolphin) လင်းပိုင် အရှင်တစ်ကောင် သောင်တင်လျက်တွေ့ရှိကြောင်း သတင်းရသဖြင့် ချောင်းသာမြို့ အုပ်ချုပ်ရေးမှူးနှင့် ချောင်းသာမြို့ ငါးလုပ်ငန်းဦးစီးဌာနတို့မှ သွားရောက်ကြည့်ရှုပြီး‌ မွန်းလွဲ ၁၂ နာရီခွဲတွင် ပင်လယ်တွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ရေနေသတ္တဝါအရှင် (Dolphin) လင်းပိုင်ကို ချောင်းသာမြို့ အမှတ်(၂)ရပ်ကွက်အပိုင် Belle Hotel ရှေ့ကမ်းစပ်မှတွေ့ရှိရပြီး သတ္တဝါမှာ အရှင်ဖြစ်သည့်အတွက် ကုန်းပေါ်သို့တင်၍ တိုင်းတာခြင်း မပြုတော့ဘဲ ချောင်းသာမြို့နှင့် တစ်ဖက်ကမ်းမှ သဲဖြူကျွန်း၏ အပြင်ဘက် ပင်လယ်ပြင်သို့ သွားရောက်လွှတ်ပေးခဲ့ကြကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

ကိုကိုမောင် (ပြန်/ဆက်)