ဟိုပုံး ၇ စက်တင်ဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ရှိ ကော်ဖီစိုက်အသင်းသား တောင်သူများမှ စိုက်ပျိုးထွက်ရှိလာသည့် အရည်အသွေးကောင်းမွန်သော ကော်ဖီစေ့များကို Green Gold ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းက တောင်ကြီးမြို့၊ TBC စီးပွားရေးဇုန် သမဝါယမအသင်း ဂိုဒေါင်တွင်  ကိုယ်တိုင်ကြိတ်ခွဲထုတ်လုပ်ခြင်းနှင့် အရည်အသွေးဆန်းစစ်ခြင်းများ ပြုလုပ်၍ ပြည်ပနိုင်ငံများသို့ ချိတ်ဆက် ပို့ဆောင်ဖြန့်ဖြူးရန် ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ်အဖြစ် ပြင်သစ်နိုင်ငံသို့ စက်တင်ဘာ ၇ ရက်နေ့တွင် ကော်ဖီတန်ချိန် ၁၉ ဒသမ ၂ တန်ကို တင်ပို့ခဲ့ကြောင်း သိရသည်။

 

MDN