ဂန့်ဂေါ  ၈   စက်တင်ဘာ

 

ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ မြို့မအရှေ့ကျောင်းလမ်းနှင့် ဗိုလ်ချုပ်လမ်းကို ဆက်သွယ်သည့် သိန္နိ လမ်းပိုင်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

mdn

 

အဆိုပါလမ်းမှာ အရှည်ပေ(၃၅၈)ပေ၊ လမ်းအကျယ်(၁၂)ပေရှိလမ်းကို ထု(၈)လက်မရှိ မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်သည်။   မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၈၉၅၀ဝ၀ဝ  ဖြင့် ဩဂုတ် ၂၅ ရက်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် အဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ယခုနှစ်တွင် မြို့ပေါ် ရပ်ကွက်များရှိ လမ်းပေါင်း(၂၁)လမ်းတွင် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ အဆိုပါ အဆင့်မြှင့်တင်သည့် လမ်းများ၌ ကတ္တရာလမ်း(၈)လမ်း(အရှည် ၁ မိုင် ၅ ဒသမ ဝ၂ ဖာလုံ)၊ ကွန်ကရစ် လမ်း (၆)လမ်း(အရှည် ၅ ဒသမ ၇၂ ဖာလုံ)၊ ကျောက်ချောလမ်း(၅)လမ်း(အရှည် ၇ ဒသမ ၅၇ ဖာလုံ)၊ မြေသားလမ်း(၂) လမ်း(အရှည် ၁ ဒသမ ဝ၅ ဖာလုံ)တို့ကို ဆောင်ရွက်ကြောင်း သိရသည်။

 

မျိုးမင်းသန်း(ပြန်/ဆက်)