ကျောင်းကုန်း  ၈  စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉  ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက  ယခုထောက်ပံ့မှုတွင် ယခင်က ထောက်ပံ့မှု ရရှိခဲ့ပြီးသော (၃၂၈)ဦး မပါကြောင်း၊ ယခုလက်ရှိ စာရင်းအရ (၅၂၇)ဦးအား တစ်ဦးလျှင် ကျပ်သုံးသောင်း နှုန်းဖြင့် (၁၅၈) သိန်းကျော်ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ တာဝန်ရှိသူများက မသန်စွမ်းသူများအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)