မုဒုံ  ၈  စက်တင်ဘာ    

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေဖြစ် မုဒုံမြို့နယ် မှိန်ဂနိမ်းကျေးရွာအုပ်စု ကော့လှကျေးရွာ တွင် လမ်းပခုံး ကွန်ကရစ် အုတ်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ကျေးရွာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍရေးနှစ်မှစ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို စတင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းကို အသုံးပြုပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

 မြစိမ်းရောင် ဘဏ္ဍရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးငွေလှိုင်က “အရင်ကဆိုရင် မိုးတွင်းကာလမှာ လမ်းတွင် နှစ်စဉ် လမ်းရေ ကျော်မှုများ ဖြစ်ပွားပြီး သွားလာလို့ အဆင်မပြေမှုများကြုံတွေ့နေရ ပါတယ်၊ အခုလို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေနှင့်ကျေးရွာသူ၊ကျေးရွာသားတို့ ပူးပေါင်းပြီး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်မှုကြောင့် အများကြီးအဆင်ပြေပါတယ် ” ဟု ပြောသည်။

 

ကျေးရွာတွင် ရေမြောင်းအုတ်စီခြင်းကို အရှည်ပေ ၇၆၆ပေ၊အကျယ် ၂ပေ၊ အနက် ၂ပေ နှင့်လမ်းပခုံး ကွန်ကရစ် လမ်းခင်းခြင်းကို အရှည်ပေ ၄၅၀ပေ၊အကျယ် ၂ပေ၊ ၅လက်မထု ဖြင့်လုပ်ငန်းများ ဆောင်ရွက်ကာ  ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)