ကျိုက်မရော ၈ စက်တင်ဘာ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအားကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားဝတ်နေရေးအဆင်ပြေ စေရန်အတွက် နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီအား ဒုတိယအကြိမ် ထောက်ပံပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ (ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်မရော မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မြင့်က အမှာစကားပြောကြားပြီး မွန်ပြည်နယ်လူ မှု ဝန်ထမ်းဦးစီးဌာန၊ အမှတ်(၂)မူကြို ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဌေးဝင်းက အသက်၈၅နှစ်အထက် အသက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် တာဝန်ရှိသူများက အသက်ကြီးဘိုးဘွား(၇၅၀)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ စီဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၂၅)သိန်းအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များထံတစ်ဦးချင်း ခွဲဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ချိုချို(ပြန်/ ဆက်)


