တုံတာ ၈ စက်တင်ဘာ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက် ၁ နှစ်ခွဲမှ ၁၅ နှစ်အောက် ကလေးများအား ဆုံဆို့နာရောဂါကာကွယ်ဆေးနှင့် အမှီလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၈ရက် နံနက် ၉နာရီခန့်က တုံတာမြို့တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် တုံတာမြို့ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အထက်တန်း သူနာပြုဒေါ်အေးသီတာ၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းလှအေးနှင့် ကျန်းမာရေးဝန်ထမ်းများက အိမ်ထောင်စုအလိုက် စာရင်းရေးသွင်းကောက်ယူပြီး အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနံပေးခဲ့ကြောင်း သိသည်။

 

အဆိုပါ ကာကွယ်‌ဆေးထိုးနံပေးခြင်းများကို တုံတာမြို့ပေါ်ရပ်ကွက်များရှိ သက်ဆိုင်ရာစုရပ် နေရာများ၌ စက်တင်ဘာ ၈ရက်မှ ၁၁ရက်အထိ ၄ရက်ကြာ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တုံတာမြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)