ဂန့်ဂေါ ၈ စက်တင်ဘာ
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဂန့်ဂေါမြိုနယ်ရှိ ကျေးရွာအချို့အား မီးဘေး ကာကွယ်ရေး ပစ္စည်းများကို ယခုတစ်ပတ်အတွင်း ထောက်ပံ့သွားကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် မီးသတ်ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်းများဖြစ်၍ မြောက်ခင်ရန်း၊ နှမ်းခါး၊ မွှေ့လယ်၊ ကန်၊ မင်းရွာ စသည့်ကျေးရွာများသို့ ထောက်ပံ့ကြခြင်းဖြစ်သည်။
ကျေးရွာတစ်ရွာ အတွက် ငွေကျပ် ၅ သိန်းတန်ဖိုးရှိ မီးသတ်ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ဖြစ်၍ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများတို့က အဆိုပါကျေးရွာများအရောက် သွားရောက်ထောက်ပံ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
၁၄၄


