တီးတိန်  ၈ စက်တင်ဘာ  

 

ချင်းပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ယနေ့နံနက်ပိုင်းက တီးတိန်မြို့ အစိုးရမူလတန်းကြို ကျောင်း၌ပြုလုပ်သည့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော မသန်စွမ်းသူများ ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။

 

ရှေးဦးစွာ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားပြီး မသန်စွမ်းသူ(၄)ဦးအား ထောက်ပံ့ငွေများပေးအပ်သည်။

 

ယင်းနောက် ဆိုင်းဇန်ကျေးရွာ၊ ဒိမ်ပီးကျေးရွာ၊ ထန်းဇန်ကျေးရွာ၊ ဗာလ်းဗုမ်းကျေးရွာ၊ ဒမ်ပီးကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသည့် အသက်(၂) နှစ်အောက် ကလေးများအတွက် ထောက်ပံ့ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်သည်။

 

ဆက်လက်၍ ကိုဗစ်- ၁၉ ကာလ တီးတိန်မြို့ လူငယ်စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်သည်။


   
တီးတိန်မြို့နယ်တွင် မသန်စွမ်းသူ ၁၆၃၂ ဦးရှိပြီးတစ်ဦးလျှင် ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ စီရရှိကြမည်ဖြစ်ကြောင်း တီးတိန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)