ကော့ကရိတ်    ၈  စက်တင်ဘာ     

   

ကော့ကရိတ်မြို့နယ်၊ ကျေးရွာများသို့ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ ဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာများသို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို ဆော်ဩပေးခြင်းကို  စက်တင်ဘာ ၇ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

 

ထိုသို့ဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့၊ သဘာဝဘေးစီမံခန့်ခွဲမှု ဆိုင်ရာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့အတွင်းရှိ ကျွန်းကလေးကျေးရွာ၊ နွားခြံကုန်းကျေးရွာ၊ ကော့ဝါလဲကျေးရွာနှင့် မာလာကုန်းကျေးရွာများသို့ COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှု မရှိစေရေး အတွက် သိရှိလိုက်နာရမည့် အချက်များ၊ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များနှင့် ပတ်သက်ပြီးဆောင်ရန်၊ ရှောင်ရန်များကို အသံချဲ့စက်ဖြင့်  ကျေးရွာပြည်သူများ သိရှိလိုက်နာစေရန် ဆောင်ရွက်ခဲ့ပြီး COVID-19 ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ကျော်စိုးလွင်(ခရိုင် ပြန်/ဆက်)