လဟယ်   ၈   စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု စီမံကိန်း Cash For Work အစီအစဉ်ဖြင့်  စီမံကိန်းလုပ်ငန်းခွဲများဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း၊ လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစိုင်းဝင်းဝင်းထွန်းထံမှ သိရသည်။ 

 

အဆိုပါ Cash For Work  စီမံကိန်းအား လဟယ်မြို့နယ်တွင် ကျေးရွာ ၁၃ ရွာ ဆောင်ရွက်မည်ဖြစ်ရာ မွန်နောက်ပြောင်ကျေးရွာ၊ လုံခင်ကျေးရွာ၊ လန်တိုင်းနောက်ကုန်းကျေးရွာ၊ စံတုံနောက်အင်းကျေးရွာ၊ လောနောက်အင်းကျေးရွာ၊  ဂမ်းညရွာသစ်ကျေးရွာ၊ ဟွေထိုက် ကျေးရွာ၊ ခမ္မလားကျေးရွာ၊ ဂမ်းဆာကျေးရွာ တို့တွင် ဆိုင်ကယ်လမ်းဖောက်လုပ်ခြင်း၊ တောင်ယာသွားလမ်းဖောက်လုပ်ခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ ရေကန်များအားခြံစည်း ရိုးခတ် ခြင်း၊ တံတားတစ်စင်းပြုပြင်ခြင်း၊ မြေသားလက်တူးတွင်း တူးဖော်ခြင်းနှင့် ကျေးရွာအတွင်း မြေသားလမ်းခင်းခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောကြားသည်။ 

 

အလားတူ လကျန်းရွာမကျေးရွာနှင့်၊ ကျွန်းခေါင်ကျေးရွာ၊ စစ်ဖောင်ကျေးရွာနှင့် ထန်ခေါ်ဟေဖွန်ကျေးရွာ တို့တွင် ရေပိုက်လိုင်းပြုပြင်ခြင်း၊ သစ်သားတံတားတည်ဆောက်ခြင်း၊ သစ်လုံးတံတားနှစ်စင်း တည်ဆောက်ခြင်း၊ လမ်းဖောက်လုပ်ခြင်းနှင့် ကျေးရွာအတွင်းမြေသား လမ်းခင်းခြင်းလုပ်ငန်း စသည့် လုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီး စီးပြီဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၃ ရွာရှိ အိမ်ထောင်စု ၁၂၁၀၊ လူဦးရေ ၇၆၄၃ ဦးအတွက် အကျိုးပြုမည်ဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းဝင်းထွန်းက ဆက်လက်ပြောကြားသည်။  

 

မွှေးကြူဇင်