၈ စက်တင်ဘာ

 

 

ရာနှင့်ချီသော တောမီးလောင်ကျွမ်းမှုများကြောင့် အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်တွင် အဆိုးရွားဆုံး ထိခိုက်ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

 

 

ယခုနှစ်အတွင်း တောမီးလောင်မှုကြောင့် စတုရန်း ကီလိုမီတာ ၈၀၀၀ ခန့် လောင်ကျွမ်းခဲ့ပြီး စုစုပေါင်း အပျက်အစီးဧရိယာသည် တိုကျိုမြို့တော်၏ လေးဆနီးပါးမျှ ရှိသည်ဟု ဆိုသည်။

 

 

ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြည်နယ်၏ အစိတ်အပိုင်း အားလုံးကို  အရေးပေါ် အခြေအနေအဖြစ် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နစ်ဆင်က ကြေညာခဲ့သည်။

 

 

ဩဂုတ်လ ၁၅ ရက်နေ့ကစပြီး ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်မှုပေါင်း ၉၀၀ ဖြစ်ပေါ်ခဲ့ကြောင်း  AP သတင်းဌာနက ပြောကြားခဲ့သည်။

 

 

ခြောက်သွေ့မှုနှင့် ရာသီဉတု ပူလောင်မှုများကြောင့်  တောမီးလောင်ကျွမ်းမှုကို ဖြစ်ပေါ်စေသည်။

 

 

လော့စ်အိန်ဂျလိစ်မြို့ ဆင်ခြေဖုံးရှိ နေရာများတွင် လာမည့်သုံးရက်အတွင်း တောမီးလောင်မှုများကြောင့် သေစေနိုင်ကြောင်း သတိပေးပြောကြားခဲ့ပြီး လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် တာဝန်ရှိသူများက တနင်္လာနေ့က တိုက်တွန်းခဲ့သည်။

 

 

အဆိုပါ တောမီးကြောင့် လူရှစ်ဉီး သေဆုံးခဲ့ပြီး အဆောက်အဉီပေါင်း ၃၃၀၀ ကျော် ပျက်စီးခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်