၈ စက်တင်ဘာ
မော်ရော့ကို နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေ များလာတဲ့အတွက် မြို့တော် ကာဆာဘလန့်ကာ ရှိ ကျောင်းတွေကို တနင်္လာနေ့က စပြီးပိတ်လိုက်သလို အသွားအလာကိုလည်း ကန့်သတ်တားမြစ် လိုက်ပါတယ်။
စီးပွားရေး အချက်အချာ မြို့တော်မှာ အသွားအလာ ကန့်သတ်မှုအပြင် ညမထွက်ရ အမိန့်ပါ သီတင်းနှစ်ပတ် သက်ဝင်ကြောင်း တနင်္ဂနွေညပိုင်းမှာ ကြေညာတယ်လို့ သိရပါတယ်။
တနင်္လာနေ့ဟာ နွေကျောင်းပိတ် ပြန်ဖွင့်တဲ့ ကျောင်းဖွင့်ရက်ဖြစ်ရာ တာဝန်ရှိသူတွေက တနင်္ဂနွေ ညပိုင်းမှာ ကျောင်းပိတ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲဒီကြေညာချက်နဲ့ ပတ်သတ်ပြီး ကျောင်းသားမိဘ တစ်ဦးဖြစ်တဲ့ မိုဟာမက်က အခုဆုံးဖြတ်ချက်ဟာ ထူးဆန်းနေကြောင်း၊ အိမ်ကနေ ပညာသင်ကြားရေးနဲ့ ကျောင်းမှာ ပညာသင်ကြောင်းဟာ မတူညီကြောင်း၊ ကျောင်းတွေ မရှိတော့ရင် ဘာမှရှိမှာ မဟုတ်ကြောင်း ပြောပါတယ်။
အလားတူ နောက်ထပ် ကျောင်းသားမိဘ တစ်ဦးကလည်း အခု ဆုံးဖြတ်ချက်ဟာ ညဉ့်နက်မှ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်းနဲ့ နိုင်ငံသားတစ်ဦး အနေတဲ့ အခု ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း နားမလည်ကြောင်း ပြောပါတယ်။
မော်ရော့ကို နိုင်ငံမှာ တနင်္လာနေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၃၈၆ ဦးရှိပြီး သေဆုံးဟာ ၃၃ ဦး ရှိခဲ့ပါတယ်။ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၇၃,၇၈၀ နဲ့ စုစုပေါင်း သေဆုံးသူ ၁၃၉၄ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP