ရန်ကုန် ၈ စက်တင်ဘာ
“စန်းမောင်မြင့်ဒါနဥပပါရမီ သွေးလှူကုသိုလ်ဖောင်ဒေးရှင်း” က ကြီးမှူးပြုလုပ်မည့် (၂၇)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ သူနာပြုတက္ကသိုလ်၌ ၂၀၂၀ စက်တင်ဘာလ (၂၀) တနင်္ဂနွေနေ့ မွန်းတည့် (၁၂) နာရီမှ ညနေ ၅နာရီ ထိ နှင့် (၂၇)ရက် တနင်္ဂနွေနေ့ နံနက် ၇ နာရီခွဲမှ ညနေ(၅) နာရီထိ COVID 19 စည်းမျဉ်းများနှင့်အညီ စနစ်တကျ ပြုလုပ်မည်ဖြစ်ပါသဖြင့် မည်သူမဆို ကြွရောက် သွေးလှူဒါန်းနိုင်ပါကြောင်းနှင့် သွေးလှူရှင်များအား သွေးလှူဘဏ်မှ ပုံမှန် ကျွေးမွေး ထောက်ပံ့မှုများအပြင် “စန်းမောင်မြင့် သွေးလှူကုသိုလ်ဖောင်ဒေးရှင်း” မှ အမှတ်တရ လက်ဆောင်များ (ခေါက်ထီး၊ လက်ဆွဲအိတ်ငယ်၊ လက်သန့်ဆေးရည်၊ Cotton Mask ၊ သဒ္ဓါရှင်တစ်ဦးက လှူဒါန်းသော ငွေသား) တို့ဖြင့် ပံ့ပိုး ဂုဏ်ပြုမည် ဖြစ်ပြီး သွေးလှူဒါန်းမည့်သူများ အနေဖြင့် “စန်းမောင်မြင့် သွေးလှူကုသိုလ် ဖောင်ဒေးရှင်း” 09 449 253 767, 09 69 51 355 15 ဖုန်းနံပါတ်များသို့ စက်တင်ဘာလ ၁၈ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံထားကြောင်း သတင်း ရရှိပါသည်။
သတင်းစဉ်


