ဟားခါး ၈ စက်တင်ဘာ
ဟားခါးမြို့ပေါ်အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဆေးခန်းများအား တရားဝင်ဆေးခန်းလိုင်စင် ထုတ်ပေး နိုင်ရေး ရည်ရွယ်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊မရှိ ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့နယ် ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းကြီးကြပ်မှု ကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဟားခါးမြို့နယ် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေနှင့် တွဲဖက်အတွင်းရေးမှူး ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ မန်ဗျက်ကုန်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ဟားခါးမြို့ပေါ်အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆေးခန်းများအား တရားဝင်ဆေးခန်းလိုင်စင် ထုတ်ပေးနိုင်ရေးကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟားခါးမြို့နယ်ပေါ်အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆေးခန်းစုစုပေါင်း (၇)ခုရှိကြောင်း၊ တရားဝင် ဆေးခန်းလိုင်စင်မရှိသည့် ဆေးခန်းများအား ဖွင့်လှစ်ခွင့်ပြုတော့မည် မဟုတ်ကြောင်းနှင့် တရားဝင် ဆေးခန်းလိုင်စင် စစ်ဆေးခြင်းများကို တစ်နှစ်တစ်ကြိမ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)


