ကာမိုင်း ၈ စက်တင်ဘာ
ကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်ရှိ ကျေးရွာအုပ်စုများနှင့် နယ်မြေခံတပ်ရင်းများတွင်နေထိုင်သည့် တိုင်းရင်းသားပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေးအတွက် စက်တင်ဘာ (၅)ရက်နေ့မှ (၇)ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာ၌ ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသော မဲဆန္ဒရှင်ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်း ဦးဆောင်သည့်အဖွဲ့က မြစ်ကြီးနား-တနိုင်း သွားလီဒိုလမ်းမကြီးပေါ်ရှိ ဒွန်ဘုန်းခ၊ လဝါး၊ ဒွန်ဘန်၊ နောင်းမီ၊ ဝါရာဇွပ်ကျေးရွာအုပ်စုများနှင့် ခလရ(၂၉၇)၊ ခလရ(၂၉၈)တပ်ရင်းတို့တွင် နေထိုင်သည့် တိုင်းရင်းသားပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အမျိူးသား(၁၃၅)ဦး၊ အမျိုးသမီး(၈၈)ဦး စုစုပေါင်း(၂၂၃)ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)


