မုဒုံ ၉ စက်တင်ဘာ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီစဉ် (CERP) ဖြင့် ထောက်ပံ့မှုအရ ဆောင်ရွက်သော ပေါ်ဆန်းရင်မျိုးစေ့ထုတ်မိုးစပါး R.S မျိုး ၁၅၀ ဧကကို စိုက်ပျိုးရန် လျာထားရာ ယနေ့အချိန်ထိတွင် ဧက ၁၅၀ စိုက်ပျိုးပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးစေ့ထုတ်စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဗဟိုခြံမှ ထုတ်လုပ်သည့် မျိုးသန့်မျိုးပွားမျိုးစေ့ကို စိုက်ပျိုးရပြီး ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ ပေါင်းနုတ်ခြင်း၊ မျိုးကွဲပယ်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ သန့်စင်ခြင်း လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း ကွမ်တာကျေးရွာမှ မျိုးစေ့ထုတ် မိုးစပါးစိုက်တောင်သူ ဦးစိန်ဝင်းက ပြောကြားသည်။
မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)ဖြင့် မျိုးစေ့ထုတ်လုပ်ရန်အတွက် တော်ကူးကျေးရွာနှင့် ကွမ်တာကျေးရွာတို့မှ တောင်သူ(၁၉)ဦးက စိုက်ဧက ၁၅၀ မှာ မျိုးစေ့ထုတ် မိုးစပါးများကို စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


