ဆဒုံး ၉ စက်တင်ဘာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်နေ ဒေါ်ဆာလော်မီးသည် ယနေ့နံနက် ၁၀ နာရီက ဆဒုံးမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(၅၀) ခုပါ(၁၀၀) ဘူး၊ လက်သန့်ဆေးရည် (၅) ဘူးနှင့် ဆေးပဒေသာပင်ငွေ (၁) သိန်းကျပ်၊ ဆေးရုံတွင် ဆေးတက်ရောက်ကုသနေသည့် လူနာ(၄) ဦးအတွက် တစ်ဦးလျှင် ၃ သောင်းကျပ်နှုန်း စုစုပေါင်း ငွေကျပ် ၁၂၀၀၀၀ အားလည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် နှာခေါင်းစည်း (၅၀)ခုပါ (၂၂၀) ဘူး၊ လက်သန့်ဆေးရည် (၂၄) ဘူးပါ(၁) ဖာအားလည်းကောင်း၊ ဆဒုံးမြို့ စုပေါင်းဂိတ်တွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် နှာခေါင်းစည်း (၅၀)ခုပါ (၃၅) ဘူး၊ လက်သန့်ဆေးရည် (၅) ဘူးနှင့် မာကျားအင်ဝမ်းကောင်ကျေးရွာရှိ ပြည်သူများအတွက် နှာခေါင်းစည်း (၅၀) ခုပါ ဘူး (၉၀) နှင့် လက်သန့်ဆေးရည်(၁၀) ဘူးတို့ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဝေါ်တား (ပြန်/ဆက်)