မော်လမြိင်ကျွန်း ၉ စက်တင်ဘာ
မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့် အတူ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပက်ပြဲကျေးရွာအုပ်စုအတွင်းရှိ ကျုံလှကျေးရွာ၊ စခန်းချောင်းကျေးရွာ၊ ပက်ပြဲကျေးရွာ၊ ချင်းစုကျေးရွာနှင့် ဦတိုကျေးရွာနှင့် ကျီးချောင်းကျေးရွာတို့အတွင်း COVID-19 ကူးစက်မှု မဖြစ်ပွားစေရန်အတွက် အပြင်ထွက်ပါက နှာခေါင်းစည်း mask များ တပ်ဆင်နိုင်ပါရန်၊ လက်ကိုခဏခဏဆေးကြရန်၊ မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များကို အများပြည်သူတို့ သိရှိလိုက်နာနိုင်စေရန် ကွင်းဆင်းလှည့်လှည်၍ Hand Speaker၊ Loud Speaker များဖြင့် အသိပညာပေး လုပ်ဆောင်မှုများ ဆောင်ရွက်သည်။
ယခု့ကာလမိုးရာသီတွင် ဖြစ်ပွားတက်သော မိုးကြိုးဘေး၊ ရေဘေး၊ လေဘေးတို့ မဖြစ်ပွားစေရေး ကြိုတင် ကာကွယ်နိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များအား ပြည်သူ့များ လက်ဝယ်အရောက် ဝန်ထမ်းများမှ လိုက်လံပေးဝေခဲ့ကြောင်း သိရှိရသည်။
သီတာအောင်(ပြန်ဆက်)


