မြို့သစ် ၉ စက်တင်ဘာ

၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Plan-VDP)ကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်တွင် ကျေးရွာပေါင်း (၁၀၁)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီးမံချက်ရေးဆွဲခဲ့ပြီး စီမံကိန်းရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဖြင့် တစ်ရွာလျှင် ကျပ်သိန်း(၁၀၀) ထောက်ပံ့ပေးပြီး ကျေးရွာသူ၊ ကျေးရွာသားများမှ ရေးဆွဲထားသော စီမံကိန်းပါ ဦးစားပေး လုပ်ငန်းများအား နိုင်ငံတော်ထောက်ပံ့ငွေနှင့် ကျေးရွာထည့်ဝင်ငွေများဖြင့် ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း၊ မြေနီကျောက်စရစ် လမ်းခင်းခြင်း၊ ရေရရှိရေးလုပ်ငန်းများ၊ မီးလင်းရေး လုပ်ငန်းများနှင့် ခြေခံအဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများအား ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် ရွေးချယ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာပံ့ပိုးပေးမှုဖြင့် ကျေးရွာမှ ရွေးချယ်ထားသော ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

 

အဆိုပါ လုပ်ငန်းများအနက်မှ မြို့သစ်မြို့နယ်၊ မကြီးကုန်းကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် စာရင်းဇယား ထိန်းသိမ်းထားရှိမှုအား မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန QC/WD အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း စိစစ်ကြပ်မတ်ခဲ့ပြီး လုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲရေး ကျေးရွာသူ/ ကျေးရွာသား အားလုံး ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့ပါသည်။

မေဇင်ထွန်း (မကွေးခရိုင်ကျေးလက်)