ဆွမ်ပရာဘွမ် ၉  စက်တင်ဘာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ကဘရန်ခူးရပ်ကွက်၊ တောင်သူ ဦးလှတောပိုင် ဦးပိုင်အမှတ် (၉ )၊ ကွင်းအမှတ် (oss) စိုက်ပျိုးဧရိယာ (၃) ဧကရှိ စပါးသီးနှံများ၌ ပိုးမွှားရောဂါ ကျရောက်မှု ရှိ / မရှိကို ယနေ့ မွန်းတည့် ၁၂ နာရီခန့်က စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

တောင်သူများ၏ လယ်ယာစိုက်ခင်းများ ပိုးမွှားကျ‌ရောက်မှု ကင်းရှင်းစေရန်၊ စပါးသီးနှံတွေမှာ ကျရောက်တဲ့ ပိုးမွှားရောဂါဆိုင်ရာ အသိပညာများ တိုးပွားစေရန်နှင့် တောင်သူများ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး နည်းစနစ်များ (IPM) Integrated Pest Managment ကို သိရှိလိုက်နာပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေရန်အတွက် ရည်ရွယ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဝင်းလှိုင်က ပြောကြားခဲ့သည်။

 

ဆွမ်ပရာဘွမ်မြို့နယ်တွင် ဆစ်ပိုး၊ ဖြုတ်၊ ကြွက်၊ နှံစုပ်ပိုး နှစ်စဉ်ကျရောက်တတ်သောကြောင့် ဆွမ်ပရာဘွမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)