ရေး ၉ စက်တင်ဘာ
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၀၂၁)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအသီးသီးရှိ အဘိုးဘွားများ၏ လက်ဝယ်သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်နှင့်အညီ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလအတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် သုံးလစာ ငွေကျပ် ၃၀၀၀၀ တိတိကို ရေးမြို့နယ်အတွင်းရှိ သက်ကြီဘိုးဘွား (၁၀၂၁)ဦးတို့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


