ရွာငံ ၉ စက်တင်ဘာ


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ ဟံမြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းလမ်းပေါ်ရှိ လမ်း၊ တံတား ပြုပြင်ဆောင်ရွက်နေမှုကို စက်တင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်း၊ ညွှန်ကြားရေးမှူး ဦးထင်ကျော်အေး တို့နှင့်အတူ လမ်း၊ တံတား ပြုပြင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ 


အဆိုပါ ဟံမြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းလမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ငွေလုံး၊ ငွေရင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးဌာနနှင့် JICA ကုမ္ပဏီတို့ ပူးပေါင်း၍ လမ်းအနိမ့်အမြင့် ညှိခြင်း၊ ရေပိတ်လွှာလောင်းခြင်း၊ လမ်းတာဘောင်ချဲ့ခြင်းနှင့် တည်ဆောက်ခြင်း၊ ကျောက်တောင် မိုင်းခွဲလမ်းချဲ့ခြင်း၊ ၅၀ ပေ အောက် သံကွန်ကူရစ်တံတား တိုးချဲ့တည်ဆောက်ခြင်း၊ ကျောက်စီရေမြောင်းနှင့် ရေမြောင်းပုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ရှင်းလင်းဆောင်ခန်းမ၌ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသူရဇော်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်းနှင့် ယခုအချိန်တွင် Covid-19 ရောဂါ ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးအတွက် ကာကွယ်နိုင်ရန် လုပ်ငန်းခွင်၌ Mask များ တပ်ဆင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)