၉ စက်တင်ဘာ

 

ပြင်သစ်ဝန်ကြီးချုပ် ယွန်ကတ်တပ်စ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူနဲ့ ထိတွေ့ခဲ့ပြီးနောက် အပတ်စဉ်ကျင်းပနေကြ အစိုးရအဖွဲ့အစည်းအဝေးကို အွန်လိုင်းကနေ ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ကျင်းပခဲ့ပါတယ်။

 

ဝန်ကြီးချုပ်ဟာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ Tour de France ဉက္ကဋ္ဌနဲ့ ရုံးပိတ်ရက်အတွင်းမှာ ရှိခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟာ ဗိုင်းရပ်စ်ပိုးစစ်ဆေးခဲ့ရာ မတွေ့ရှိပေမယ့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းအရ သီးသန့်စောင့်ကြည့်မှုအောက်မှာ နေထိုင်ဖို့လိုအပ်ပါတယ်။

 

ဝန်ကြီးချုပ်ဟာ ကျန်းမာရေးကောင်းမွန်ပေမယ့် လက်ရှိအချိန်တွင် အိမ်တော်မှာ သီတင်းတစ်ပတ် သီးသန့်စောင့်ကြည့်မှုအောက်မှာ နေထိုင်ရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါဟာ အသွားအလာကန့်သတ်ပိတ်ဆို့မှု ဖျက်သိမ်းခဲ့တဲ့ မေလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗီဒီယိုဆွေးနွေးပွဲကျင်းပတာလို့ ဆိုပါတယ်။

 

ပြင်သစ်သမ္မတက လက်ဘနွန်နဲ့ အီရတ်နိုင်ငံတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်ခဲ့တဲ့အတွက် ဗိုင်းရပ်စ်ပိုးစစ်ဆေးခံရ မတွေ့ရှိကြောင်း မနေ့က ကြေညာပါတယ်။

 

ပြင်သစ်နိုင်ငံမှာ အင်္ဂါနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ၆,၅၄၄ ဦးရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP