နေပြည်တော် ၁၀ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်တွင် ကြေညာ ထားသည့် မြို့နယ် ၇ မြို့နယ်ရှိပြီး ယမန်နေ့တွင် ကြေညာသည့် မြို့နယ် ၂၁ မြို့နယ် ရှိသည့်အတွက် စုစုပေါင်း မြို့နယ် ၂၈ မြို့နယ် ရှိသွားပြီ ဖြစ်သည်။
စက်တင်ဘာ ၁ ရက်က ကြေညာထားသည့်မြို့နယ် ၇ မြို့နယ်မှာ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်၊ မင်္ဂလာဒုံ တို့ဖြစ်ပြီး ယမန်နေ့က ထပ်မံ ကြေညာသည့် ၂၁ မြို့နယ်မှာ တောင်ဥက္ကလာပ၊ တာမွေ၊ မရမ်းကုန်း၊ ကမာရွတ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ လှိုင် သာယာ၊ စမ်းချောင်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရန်ကင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ အလုံ၊ ဗဟန်း၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ လမ်း မတော်နှင့် လှည်းကူးမြို့နယ် တို့ဖြစ်သည်။
ယင်းမြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် Stay at Home အစီအစဉ်များအတိုင်း တိကျစွာလိုက်နာကြရန်နှင့် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြ ထား သည်။
ထက်လျှံ


