၁၀ စက်တင်ဘာ

 

အမေရိကန်သမ္မတအမိန့်နဲ့ တရုတ်နိုင်ငံမှ ကျောင်းသူကျောင်းသား နဲ့ သုတေသနပညာရှင်တွေ အပါအဝင် လူတစ်ထောင်ကျော်ရဲ့ ဗီဇာတွေကို ရုပ်သိမ်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက  ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

 

သမ္မတထရမ့် နဲ့ ဘေကျင်းတို့ကြား တင်းမာမှုမြင့်တက်နေတာကိုတွေ့ရပါတယ်။ တရုတ်နိုင်ငံသားတွေက အမေရိကန်နိုင်ငံမှာ ပညာသင်ကြားမယ်ဆိုပြီး လာပေမယ့် ဉာဏ်ဏပိုင်ဆိုင်မှုကို ခိုးယူခြင်းနဲ့ တရုတ်စစ်တပ်ကို ခေတ်မီတဲ့ တပ်ဖြစ်လာရေးကို ကူညီတဘ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။

 

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ အမျိုးသမီးက တရုတ်နိုင်ငံကနေ လာရောက်မယ့် ကျောင်းသူကျောင်းသားတွေနဲ့ ပညာရှင်တွေကို ကြိုဆိုပါတယ်။ အဲဒီလူတွေက တရုတ်ကွန်မြူနစ်ပါတီရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ စစ်ရေး လွှမ်းမိုးမှုကို မရှိဖို့ လိုအပ်ကြောင်းပါ ထည့်သွင်းပြောဆိုပါတယ်။

 

ဗီဇာ ရုပ်သိမ်းခံရသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးအပ်ဖို့ ငြင်းဆိုသွားပါတယ်။

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ တရုတ်နိုင်ငံကနေ ကျောင်းသူကျောင်းသား ၃၇၀,၀၀၀ နီးပါး အမေရိကန်နိုင်ငံက တက္ကသိုလ်တွေကို လာရောက်ပညာသင်ကြကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP