ကိုင်ရို ၁၀ စက်တင်ဘာ
အီဂျစ်နိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိကာ COVID19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်နိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသား (၁၂၁) ဦးအား မြန်မာသံရုံး၊ ကိုင်ရိုမြို့သည် မြန်မာ့အမျိုးသား လေကြောင်းလိုင်းဖြင့် ပူးပေါင်း ဆောင်ရွက်လျက် ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပါသည်။
မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ကယ်ဆယ်ရေးလေယာဉ်အမှတ် (UBA9602) သည် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ၉-၉-၂၀၂၀ ရက်နေ့၊ အီဂျစ်စံတော်ချိန် (၁၆:၀၀) နာရီတွင် ထွက်ခွာခဲ့ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၁၀-၉-၂၀၂၀ ရက်နေ့၊ မြန်မာ
စံတော်ချိန် (၀၇:၁၀) နာရီတွင် အောင်မြင်စွာ ဆိုက်ရောက်ခဲ့ပါသည်။
အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်နှင့် မြန်မာသံရုံးဝန်ထမ်းများမှ ကိုင်ရို အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မြန်မာနိုင်ငံသားများအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
# Ministry of Foreign Affairs Myanmar