ချင်းရွှေဟော်   ၁၀  စက်တင်ဘာ

 

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့  ပြန်လည်ရောက်ရှိနိုင်ရေးအတွက်  စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ   စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီက (၄)ဉီးနှင့် ယနေ့ မွန်းလွဲ ၃ နာရီက (၁၄)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၈)ဉီးအား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ (၁၈)ဉီးမှာ အမျိုးသား (၁၁)ဉီး၊ အမျိုးသမီး (၇)ဉီးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူး မြို့နယ်မှ(၁)ဉီး၊  ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ(၂)ဉီး၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ (၁)ဉီး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှ (၁)ဉီး၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှ (၉)ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှ (၁)ဉီးနှင့် လောက်ကိုင်မြို့နယ်မှ (၃)ဉီးတို့ဖြစ်သည်။

 

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား (၈၃၂၉)ဉီးနှင့် အမျိုးသမီး (၆၇၁၃)ဉီးတို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၅၀၄၂) ဉီး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)