ဝါရှင်တန် ၁၁ စက်တင်ဘာ
ကိုဗစ်-၁၉ ကူးစက်ခံရသည့်လူနာများတွင် ခေါင်းကိုက်ခြင်း၊ အဖျားတက်ကာ ကယောင်ကတမ်းဖြစ်ခြင်းနှင့် စိတ်ရှုပ် ထွေးခြင်း လက္ခဏာများခံစားရခြင်း သည် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဦးနှောက် ထဲသို့ တိုက်ရိုက်ဝင်ရောက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့်ရလဒ်များ ဖြစ်နိုင်ကြောင်း လေ့လာမှုအသစ် တစ်ရပ်က စက်တင်ဘာ ၉ ရက်တွင် ပုံနှိပ်ဖော်ပြထားသည်။
အဆိုပါလေ့လာမှုမှာ အစသာရှိသေးသော်လည်းသက်သေအထောက် အထားအချို့ကို ဖော်ပြနေကြောင်း သုတေသနအဖွဲ့က ပြောသည်။ ရောဂါ ဗေဒဆိုင်ရာပညာရှင် အကီကို အီဝါ ဆာကီ ဦးဆောင်ခဲ့သည့် လေ့လာမှု စာတမ်းတွင် ဖော်ပြထားချက်အရ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ဦးနှောက် ထဲသို့ ဝင်ရောက်ကာ ပုံတူပွားနိုင်စွမ်း ရှိကြောင်းနှင့် ဦးနှောက်ဆဲလ်များ အနီးတွင် ဗိုင်းရပ်စ်၏ အသက်ရှင်နိုင် စွမ်းနည်းပါးကြောင်း အကီကိုအီဝါ ဆာကီကပြောကြားသည်။
ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာတစ်ဦးတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကို တိုက်ထုတ်နိုင်သည့် ပဋိဇီဝပစ္စည်း များသည် အဆိုပါလူနာ ရောဂါ ပျောက်ကင်းပြီး လေးလကြာသည် အထိ ဆက်လက်ရှိနေကြောင်း သိရသည်။
ဘန်ကောက်ပို့စ်