တီးတိန်   ၁၁  စက်တင်ဘာ   

 

ချင်းပြည်နယ် တီးတိန်မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဉီးစီးဌာနသည် တီးတိန်မြို့နယ် အတွင်း GAP, GAHP သင်တန်းများပို့ချလျက်ရှိရာ ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းနှင့် ပညာပေး ပိုစတာ ဖြန့်ဝေခြင်းများ ကိုစိုက်ပျိုးရေး ဉီးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဉီးစီးဌာနတို့နှင့် ပူးပေါင်း၍ စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင်  ဆွောင်းပီးကျေးရွာနှင့် ဂေါင်မွာလ်ကျေးရွာသို့၌ သင်တန်း ပို့ချပေးခဲ့ကြောင်း သိရသည်။

 

သင်တန်းများတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး  ဦးဝုန့်ပြင်းထန် ဦးဆောင်မှုဖြင့် ၂၀၁၉ -၂၀၂၀ ခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်  GAP ,GAHP သင်တန်းအားလုံး ပို့ချပေးခဲ့ပြီး ကျေးရွာများမှာလည်း စိတ်ပါဝင်စားစွာ တက်ရောက်လျက်ရှိကြကြောင်း၊ အပြန်အလှန် ဆွေးနွေးမှုများကြောင့် တောင်သူများအကြား စိုက်ပျိူးရေး၊ မွေးမြူရေး အသိပညာများ ဖလှယ်၍ အသိပညာပိုမိုတိုးပြားကြောင်း၊ ထိုသို့သင်တန်းပို့ချ ပေးခြင်းအားဖြင့် ကျေးလက်နေ ပြည်သူများအတွက် အကျိုးများစွာဖြစ်ထွန်းကြောင်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပြောကြားသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန အနေဖြင့် စိုက်ပျိုးရေး ဉီးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဉီးစီးဌာန၊ ငါးလုပ်ငန်း ဉီးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)၊ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP)၊ ကောင်းမွန်သော ငါး၊ ပုဇွန်မွေးမြူရေးကျင့်စဉ်(GAqP)နှင့်ပတ်သက်၍ သင်တန်းဖွင့်လှစ်ခြင်းနှင့် ပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နေစု(ချင်းရိုးမ)