ဒဂုံ (အရှေ့)  ၁၁  စက်တင်ဘာ

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍   ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင် ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိပြည်သူများ(Stay at Home)တွင် အကျုံးဝင်ကြောင်း အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်က ရပ်ကွက်/ ကျေးရွာ(၃၂)ရပ်ကွက်တို့၌ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံများက အသံချဲ့ စက်ဖြင့် နှိုးဆော်ပေး ကြောင်း သိရသည်။

 

mdn

 

ထိုသို့ နှိုးဆော်ပေးခြင်းသည် ကိုဗစ်-၁၉ရောဂါကြောင့်   ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓါတ်ခွဲ အတည်ပြုလူနာ များပြားလာသဖြင့် ရောဂါကူးစက်မှုကို ပိုမိုထိန်းချုပ်နိုင်ရန် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများ (Stay at Home) တွင် အကျုံးဝင်ကြောင်းကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၉)ရက်စွဲပါအမိန့် အမှတ်၊၁၀၂/၂၀၂၀ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

 

အဆိုပါကြေညာချက်တွင် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်သို့သွားရောက်ရန် လိုအပ်ပါက ပါးစပ်၊နှာခေါင်းစည်း (Mask)တပ်ဆင် သွားလာကြရန်နှင့် အရေးကြီး ကိစ္စကြောင့် အပြင်သို့သွားရောက်ရန် လိုအပ်ပါက ရပ်ကွက်တာဝန်ရှိသူထံ အသိပေး အကြောင်းကြားရမည်ဖြစ်သည်။

 

အဆိုပါ အမိန့်အား  လိုက်နာရန်ပျက်ကွက်ပါက   တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

လှလှထွေး(ပြန်/ဆက်)