လမိုင်း ၁၁ စက်တင်ဘာ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့၊ မြို့မ(၁)ရပ်ကွက် အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စတုတ္ထ သုံးလပတ်ဖြစ်သည့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ အတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် သုံးလစာ ငွေကျပ် ၃၀၀၀၀ ကို လမိုင်းမြို့ မြို့မ(၁) ရပ်ကွက် အတွင်းရှိ သက်ကြီးဘိုးဘွား(၃၄)ဦးအား မြို့မ(၁)အုပ်ချုပ်ရေးမှူး ဦးသန်းအောင် နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကို ဘိုးဘွားများ လက်ဝယ်သို့ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လမိုင်း(ပြန်/ဆက်)


