တန့်ဆည်  ၁၁  စက်တင်ဘာ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန (AIIP)အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး T-super(P2O5) မြေသြဇာနှုန်းထား စမ်းသပ်ကွက်ကို ကျွန်းလည်အုပ်စု၊ ကျွန်းလည်ကျေးရွာ တောင်သူဦးဝင်းမြင့်၏ ကွင်းအမှတ် ၁၂၈၇  ရှိ ဝ.၁၀ ဧကတွင် စမ်းသပ်စိုက်ပျိုးထားကြောင်း သိရသည်။

 

အဆိုပါ စမ်းသပ်စိုက်ကွက်တွင် ဧရာမင်းမျိုးသန့်စပါး စိုက်ပျိုးထားပြီး တောင်သူများအနေဖြင့် (၁)ဧကထွက်နှုန်း မြင့်မားစေရေးအတွက် (T-super) မြေသြဇာ ထည့်သွင်းရမည့်နှုန်းထားသိရှိစေရန် ရည်ရွယ်၍ (T-super) အမျိုးအစား(၄)မျိုးအား (၅)မီတာပတ်လည် စုစုပေါင်း(၁၂)ကွက် စမ်းသပ်စိုက်ပျိုးထားခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်၍ ပေါင်းရှင်းခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)