ဓနုဖြူ ၁၁ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဆကာကြီးကျေးရွာအုပ်စု အတွင်းရှိ ကော်မရှင် မဲစာရင်းတွင် အမည်ပါပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် ဖြည့်သွင်းရန် ကျန်ရှိသူများနှင့် အမှန်တစ်ကယ် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက် ပေးခြင်းကို စက်တင်ဘာလ ၁၁ ရက် နံနက်၈နာရီက အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဒုတိယ လူဝင်မှုကြီးကြပ်ရေးမှူးဒေါ်ဥမ္မာကျင်နှင့် ဝန်ထမ်းများကသက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပေါင်းစပ်၍ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)


