မြဝတီ  ၁၁  စက်တင်ဘာ     

     

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲ့ပလဲ့ကျေးရွာအုပ်စု၊ နဒီလင်းမြိုင်ကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု အား မြဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါ ထောက်ပံ့ရာတွင် မြဝတီမြို့နယ်၊ မဲ့ပလဲ့ကျေးရွာအုပ်စု၊ နဒီလင်းမြိုင်ကျေးရွာတွင် စက်တင်ဘာ လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ဆိုလာဘက်ထရီအပူလွန်ကဲရာမှ နေအိမ်သို့ မီးကူးစက် လောင်ကျွမ်းပြီး   အိမ်ထောင်စုတစ်စုမှ လူဦးရေ ၂ ဦး မီးဘေးသင့်ခဲ့သောကြောင့် မြဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူထိုက်က မီးဘေးသင့် အိမ်ထောင်စုအား အိမ်ထောင်စုတစ်စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ အိမ်ဆောက်ပစ္စည်းအတွက် ငွေကျပ်( ၁၀ဝ၀ဝ၀) နှင့် ဆန်ရိက္ခာအတွက် ငွေကျပ် ၄၂၀ဝ စုစုပေါင်း ငွေကျပ်  (၁၀၄၂၀ဝ) အားထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်