လဟယ် ၁၁  စက်တင်ဘာ   

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်အစည်းအဝေးကို ယနေ့ နံနက် ၁‌ဝ နာရီ တွင်  လဟယ် မြို့မာလာတောင်အားကစားခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ လဟယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးပါခင် ကအဖွင့်အမှာစကား ပြောကြားပြီး လဟယ်မြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာသက်ဇင် အောင် မှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းနှင့်အညီ ဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်နှင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် အချက်များနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် တက်ရောက်လာကြသော ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များ က အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မွှေးကြူဇင်