လက်ပံတန်း ၁၁ စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ‌ရပ်ကွက်/ ကျေးရွာအုပ်စုများမှ မသန်စွမ်းသူများအား ထောက်ပံငွေများ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ရေးချုပ်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက ရပ်ကွက်/ကျေးရွာအုပ်စု (၅၃) အုပ်စုမှ မသန်စွမ်းသူ(၁၂၉၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၈၈၅၀၀၀၀ အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ချုပ်ရေးမှူးများကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ထောက်ပံ့ငွေ မရရှိသေးသော မသန်စွမ်းသူများကို အိမ်တိုင်ရာရောက်‌  ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

ဝင့်နန္ဒာဌေး