ဟိုပုံး ၁၁ စက်တင်ဘာ
ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့မဈေးသို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ မြို့နယ်စည်ပင် သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ ဝန်ထမ်းတို့က မြို့မဈေးသို့ အခြားမြို့နယ်များမှဈေးသည်များလာရောက်၍ ဈေးရောင်း ချခြင်း ရှိ/မရှိနှင့် ဈေးအတွင်းရှိ ဈေးသည်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ ရောင်းချခြင်းရှိ /မရှိတို့ကို ကွင်းဆင်းစစ်ဆေးပြီး နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ကြရန်၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် သတ်မှတ်ထားသည့် အကွာအဝေးအတိုင်း ဈေးရောင်းချခြင်းများ ပြုလုပ်ရန်တို့ ကို ရှင်းလင်းပြောကြားခဲ့သည်။
ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကြိုတင်ကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ မြို့မဈေး၊ ယာယီဈေးနှင့် ကျေးရွာများရှိဈေးများတွင် စနစ်တကျ ဈေးရောင်းချနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အပတ်စဉ်ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


