လှိုင်သာယာ(အနောက်ပိုင်း) ၁၁   စက်တင်ဘာ 

 

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ဒဂုံဧရာအဝေး ပြေးအတွင်း ယဉ်လိုင်းပေါင်း (၆၀)ကျော်ခန့် ပြေးဆွဲလျက်ရှိရာ စက်တင်ဘာလ ၁၁ရက်နေ့ မှစ၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအအတွင်း ဒဂုံဧရာအဝေးပြေး ယာဉ်လိုင်းများ ခေတ္တခဏရပ်နားထားကြောင်း သိရသည်။

 

အဆိုပါ ယာဉ်လိုင်းများခေတ္တခဏ ရပ်နားထားရခြင်းမှာ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှုအား အချိန်မီ တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပြည်တွင်းခရီးသွားလာခြင်းများကို မပြုလုပ်ကြစေရန်နှင့် ကုန်စည်သယ်ယူ ပို့ဆောင်မှုပြတ် တောက်မှုမရှိစေရေးအတွက်  မောင်းနှင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်သာပါဝင်သည့် ကုန်တင်ယာဉ်များကိုသာ ကျန်းမာ ရေးစစ်ဆေးမှုများပြုလုပ်ပြီး ဝင်ထွက် သွားလာ ခွင့်ပြုထားကြောင်း သိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)