နေပြည်‌တော် ၁၁  စက်တင်ဘာ

 

MPT Myanmar National League (2020) ပွဲစဉ် (၁၅)၏ ပွဲစဉ်များအနက် အားကာ သိပ္ပံအသင်း နှင့် ဧရာဝတီ United အသင်းတို့သည် စက်တင်ဘာ (၁၂) ရက်၊ ညနေ (၃) နာရီခွဲမှစတင်၍ ရန်ကုန်မြို့ရှိ YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

 

အဆိုပါ ဘောလုံးပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ (၃) နာရီမှစတင်၍ တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသပေး သွားမည်ဖြစ်ပါကြောင်း သိရသည်။

 

 (သတင်းစဉ်)