၁၁ စက်တင်ဘာ
စင်ကာပူ လေကြောင်းလိုင်း (SIA) မှ လုပ်သား ၂၀ ရာခိုင်နှုန်း အရေအတွက် ရှိတဲ့ ၄,၃၀၀ ကို အလုပ်မှာ ရပ်နားကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် လုပ်ငန်းတွေ ဘယ်တော့ ပြန်လည် လည်ပတ်မယ်ဆိုတာ မသေချာသေးတဲ့အတွက် ဖြစ်တယ်လို့ ပြောကြားပါတယ်။
စင်ကာပူ နိုင်ငံရဲ့အလံ လွှင့်တင်ထားတဲ့ SIA လေကြောင်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေက လုပ်သား ၁,၉၀၀ ကို အလုပ်မှ ရပ်ထားပြီး လုပ်သား ၂,၄၀၀ ကိုလည်း အလုပ်မှ ထပ်မံရပ်နားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
ဒေသတွင်းမှာ ပြေးဆွဲတဲ့ SilkAir နဲ့ ဈေးသက်သာတဲ့ Scoot တို့က ဝန်ထမ်းတွေပါ ပါရှိကြောင်း၊ ဆက်လက်ပြီးလည်း စိန်ခေါ်မှုတွေ ရှိနေကြောင်း၊ ပြန်လည် လည်ပတ်ရေးဟာ အချိန်ကြာနိုင်ကြောင်း စင်ကာပူ လေကြောင်းလိုင်း (SIA)ရဲ့ အကြီးအကဲ ဂို ချွန်း ဖောင်က ပြောကြားပါတယ်။
ပထမ သုံးလပတ်မှာ လေကြောင်းလိုင်းဟာ စင်ကာပူဒေါ်လာ ၁၁ ဘီလီယံ အရှုံးပေါ်ကြောင်း သိရပါတယ်။
စင်ကာပူ သယ်ယူပို့ဆောင်ရေး ဝန်ကြီးက လေကြောင်းလိုင်းက အလုပ်လျှော့ချရေးကို တတ်နိုင်သမျှ အချိန်ဆွဲပြီး လုပ်ခဲ့ကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ခရီးသွားလုပ်ငန်း လျော့ကျသွားကြောင်းနဲ့ အစိုးရ အနေနဲ့ အလုပ်မှ လျှော့ချခံခဲ့ရတဲ့ အလုပ်သမားတွေကို ကူညီသွားမယ်လို့ ပြောကြားပါတယ်။
နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေး (IATA) က အာရှပစိဖိတ် ဒေသမှာ လေကြောင်းလိုင်းတွေဟာ အမေရိကန် ဒေါ်လာ ၂၇.၈ ဘီလီယံလောက် အရှုံးပေါ်နိုင်ကြောင်းနဲ့ ခရီးသွား လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်လာရေးမှာ ၂၀၂၄ ခုနှစ်လောက်မှသာ ဖြစ်နိုင်ကြောင်း ပြောကြားပါတယ်။
MDN
ကိုးကား- AFP
