နေပြည်တော် ၁၁ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ စက်တင်ဘာ ၉ ရက်က ခရီးသည်ယာဉ် ၁ စီး ဝိုင်ယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနေ ဦးမောင်မောင် (၅၂)နှစ် မောင်းနှင်ပြီး ခရီးသည် ၇ ဦး လိုက်ပါလာသော 9I/xxxx HINO ခရီးသည်တင်ယာဉ်သည် စက်တင်ဘာ ၉ ရက် ည ၇ နာရီ မိနစ် ၄၀ က မင်းဘူးမြို့မှ မုံရွာမြို့ ကားကြီးဝင်းအတွင်းသို့ ရောက်ရှိစဉ် ကားအင်ဂျင်အပူလွန်ကဲရာမှ ဝိုင်ယာရှော့ဖြစ်ပြီး မီးစတင်လောင်းကျွမ်းခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ဆိုင်ကယ် ၂ စီး၊ ထိုင်ခုံ ၂၈ ခုံ၊ ဝိုင်ယာမိန်းခုံ ၁ ခု မီးလောင်ဆုံးရှုံးခဲ့သောကြောင့် ဦးမောင်မောင်အား  မုံရွာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား