နေပြည်တော် ၁၁ စက်တင်ဘာ

 

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ(၁) Quarantine Center ၌ Quarantine ဝင်ရောက်နေသူ ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာနေ မျိုးခိုင်(၄၁)နှစ်သည် စက်တင်ဘာ ၉ ရက် ည ၇ နာရီက ထွက်ပြေးသွားသဖြင့် ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးရာ ၎င်း၏နေအိမ်၌ ပြန်လည်တွေ့ရှိ၍ စည်ပင်ဧည့်ရိပ်သာ(၁)သို့ ပြန်လည်ပို့ဆောင်ကာ Quarantine စောင့်ကြည့်လျက်ရှိပြီး မျိုးခိုင်အား အမှတ်(၁) မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား