နေပြည်တော် ၁၁ စက်တင်ဘာ

 

မော်လိုက်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် ဖောင်းပြင်မြို့နယ်၊ သငါကျေးရွာအုပ်စု၊ သငါကျေးရွာအနီးရှိ ဝင်းမြင့်ဦး၏လယ်တဲသို့ ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ မသက်ထားမိုး၊ ဝဏ္ဏထွန်း(ခ)ခခတို့ကို တွေ့ရှိရပြီး တဲအတွင်းမှ ဘိန်းဖြူ သုည ဒသမ ၉၄၅ ကီလို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ညပိုင်းက တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ ဧည့်ရိပ်သာအနီးတွင် စိုင်းဆော မောင်းနှင်သည့် Toyota Hilux Vigo အမျိုးအစားမော်တော်ယာဉ်နှင့် စိုင်းယီ မောင်းနှင်သည့် Mitsubishi Pajero အမျိုးအစား မော်တော်ယာဉ်တို့အား ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ၁၀၀,၀၀၀ ကိုလည်းကောင်း။

 

ထို့အတူ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ်၊ ပန်ညု-သီပေါသွားကားလမ်း၊ (၉)မိုင်လမ်းခွဲ၊ ခိုလုံတံတားအနီးတွင် ဇော်ထက်ဝင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အားရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

 

ရဲပြန်ကြား