ဟားခါး ၁၂ စက်တင်ဘာ
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် စက်တင်ဘာ ၁၁ ရက်နေ့ ည ၉ နာရီ ခန့်က အိမ်ရှင် ဦးလျန်ဟရမ်၏ နေအိမ် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အိမ်ငှား ဦးဟွပ်သူး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာအိမ်ရှင် ဦးလျန်ဟရမ်၏ နေအိမ် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ်တွင် အိမ်ငှား ဦးဟွပ်သူး နေထိုင်ပြီး အိပ်ခန်းတွင် ဖယောင်းတိုင်မီးထွန်းထားရာမှတစ်ဆင့် အနီးရှိ စောင်သို့ ကူးစက်ပြီးနေအိမ်မီးလောင်ကာ အိမ်ငှား ဦးဟွပ်သူး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါမီးလောင်သည့်နေရာသို့ ဟားခါးမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၂)စီးနှင့်အတူ ဟားခါးမြို့နယ် မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသွားရောက်ကာ ကျေးရွာနေပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ည ၁၀ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံးမှုနှင့် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး အိမ်ငှား ဦးဟွပ်သူးအား ဟားခါးမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
နီလာ(ပြန်/ဆက်